ပြက္ခဒိန်

ပြက္ခဒိန်အပြင်ဘက်ကရက်စွဲများ
*******************************
သက္ကရာဇ်တွေကို
ငါမလို
ဖြိုလို့ရနေတာ
သာဓကရှိပြီးသား…

စက္ကန့်သံတွေကြား
နားခိုအိပ်စက်
ရုန်းကန်လှုပ်ရှား
ငါမအား…

တစ်ရက်ကို
တစ်သိန်းနားမှာကပ်ခိုနေတဲ့
စက္ကန့်သံအိုတေးသွားကြား…

တစ်သက်ဆို
တစ်ရာတောင်မပိုတဲ့မွေးနေ့များကို
လက်အစား
ခါးချိုးရေတွက်ရင်း…

အင်း
သူ့ဟာသူခုန်ဆင်းသွားတဲ့
ပြက္ခဒိန်ကြီးကြားအောင်ပြောရရင်…

သက္ကရာဇ်ဆိုတာ
မဖြိုလည်းပြိုတဲ့အရာပါလားလို့…။    ။

                                   ဂျီမလေး
                                27-02-2024
📸CC
#credit

Comments