သူရိယသိန္ဓဒ္တ

ဘုန်းတော်ကြီးဘားဂျက်နှင့် သိန္ဓဒ္တနိဒါန်း Surya Siddhenta Burgess 1860
BC 1900 လောက်က ကြတ္တိကာနှင့်စိတြသည် အီကွေတာဖြတ်ကြယ်တွေဖြစ်လျှင် မာဃ နက္ခတ်သည် မြောက်ယဥ်စွန်းတန်းဖြတ်ကြယ်ဖြစ်နေမည် ထိုကာလ BC 1900 ကို ကြတ္တိကာမာဃ ခေတ်သတ်မှတ်သည် ဝေဒခေတ်သတ်မှတ်ချက်မှာ ရောဟဏီ ပြုပ္ပါဖလဂုဏီခေတ်ဖြစ်ပြီး BC 1500 ဖြစ်မည်
BC 2000 ကို ဗြမ္မဏခေတ် BC 1500 ကို ဝေဒခေတ်ဆိုခြင်းများသညိထင်မြင်ယူဆချက်သာဖြစ်သည် သူရိယသိန္ဓန္တ page 30/40 အတွင်း မိတ်ဆက်ခန်း၌ BC 3100 ကိုဗြမ္မဏခေတ်ဆိုထားခြင်းနှင့်များစွာကွဲလွဲနေသည် သို့ရာတွင် စာရေးသူက နွေကူးဆောင်းကူးတာများကို လူသားတို့သိရှိတိုင်းတာနိုင်ချိန်သည် BC 2450 ဟုဆိုပြန်ရာ ထိုကာလထက်စောလွန်းပြီး BC 3100 လောက်ကပင် အီကွေတာကို တွေ့ရှိခဲ့ခြင်းမှာ များစွာကွဲလွဲနေပါသည် အီဂျစ်ပြက္ခဒိန်သည် BC 4241မှစတင်ပြီး ၃၆၅ရက်တနှစ်စနစ်ဖြင့်စတင်ခဲ့ သည် ပရာသနကျမ်းတွင်လည်း ဂါထာများတွင် ရာသီသည် မိန်မှစတင်သည် ဟုတွေ့ရသည် တနင်းလာသည် တနင်းဂနွေထက် ပိုဝေးသည် ဟုဖွင့်ဆိုထားသည် AD 100 နှင့် AD 400 အတွင်း ဘေဘီလုံးနီးယားနှင့် ဂရိတို့မှ Astronomy ရောက်လာသည်ဖြစ်ရာ သူရိယသိန္ဓန္တသည် AD 400 ထက်စောဖို့ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ချေ Indian နက္ခတ်ပညာရှင် Aryabhata  ခေတ်ဖြစ်သည့် AD 499 သာလျင် သိန္ဓန္တကျမ်းထူထောင်သည့် အချိန်ဟု ကောက်ချက်ချနိုင်သည် AD 499 သည် ကလိယုဒ် 13600 နှစ်ဖြစ်ပြီး ထိုနှစ်တွင် သာယန နှင့် နိယာသန ရာသီစက်၂ခုထပ်သည်ဟု ဟိန္ဒူကျမ်းများကဆို၏ သိန္ဓန္တအရ နှစ်ပေါင်း 4320000 တွင် ရာသီစက်၂ခု အကြိမ် ၆၀၀ ထပ်သည်ဆို၏
Modern Astronomy အရ နှစ်ပေါင်း 4320000 တွင် ရာသီ၂ရပ်ထပ်ခြင်း 167.6 ကြိမ်သာရှိသည် အယနတန်ဘိုး တပတ်ပြည့်ချိန်တိုင်းတာခြင်းများ AD 628 ကျမ်းများ AD 748 ကျမ်းများတွင် မတွေ့ရဟု ဘားဂျက်ကဆို၏ ထို့ကြောင့် AD 499 ကျမ်းသည် ခေတ်မမှီသေးဟုသုံးသတ်နိုင်သည် ထိုအယနတွက်ချက်မှုများသည် နောက်ပိုင်းခေတ်မှသာ ဝင်ရောက်လာဖွယ်ရှိသည်ဆ်ုသော်လည်း သက္ကရဇ် မဖေါ်ပြနိုင်ချေ နေသွားလမ်းကြောင်းနှင့် ကောင်းကင်အီကွေတာ ကိုအခြေခံသော Equation of Time တွက်ချက်မှုကို AD 1028 တွင် အိန္ဒိယပညာရှင် Sripati ဖေါ်ထုတ်ခဲ့သည် သို့ဖြစ်၍ သိန္ဓန္တကျမ်းသည် AD 499 မှစတင်ပြီး AD 1028 ရောက်မှရုပ်လုံးပေါ်ပေါက်လာခြင်းဖြစ်သည်
ရေးသားသူ P C Sengupta 1935 သူရိယသိန္ဓန္တ Introduction

 

Comments